Southern Myanmar FC Vs Best United (ဗိုလ်ချုပ်အောင်ဆန်းဒိုင်း)ပထမအကျော့

Southern Myanmar FC အင်းနှင့် Best United အသင်းတို့သည် (၂၇.၄.၂၀၁၅)ညနေ (၄း၀၀)အချိန်တွင် အောင်ဆန်းကွင်း၌ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပထမကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ကြရာ Southern Myanmar FC အသင်းက (၂းဝ)ဖြင့် Best United အသင်းကိုအနိုင်ရရှိခဲ့သည်။

ရှုံးထွက်ပွဲဖြစ်သည့်အလျှောက်နှစ်ဘက်အသင်းမှာ ယှဉ်ပြိုင်မှုပြင်းထန်ခဲ့ပါသည်။ ပထမပိုင်းတောက်လျှောက် ဂိုးမရှိသရေဖြင့် အကြိတ်အနယ်ကစားခဲ့ပြီး ဒုတိယပိုင်းတွင် Southern Myanmar FC အသင်းမှကစားသမားများနှင့် နည်းပြများ၏အနိုင်ရလိုသောစိတ်ဓါတ်ဖြင့် အပြင်းအထန်ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်ရရှိခဲ့ပါသည်။ ဒုတိယပိုင်း(၅၃)မိနစ်တွင် နံပါတ် (၁၂) နောင်လတ်ဖြိုး ညာတောင်ပံမှထိုးဖောက်ကစားခဲ့ရာ ထိုဖြတ်တင်ဘောကို နံပါတ်(၂၀)ခိုင်ဇော်ထွန်းမှတစ်ဆင့် နံပါတ် (၁၇)ရဲလွင်အောင်ကိုပေးပို့ခဲ့ပြီး ရဲလွင်အောင်က ကန်သွင်းယူပြီး ပထမအနိုင်ဂိုးကိုရရှိခဲ့ပါသည်။ ၇၇မိနစ်တွင် နောင်လတ်ဖြိုးညာတောင်ပံမှ ဖြတ်တင်ပေးသသောဘောလုံးကို နံပါတ် (၇) ရဲထွန်းနိုင်က ခေါင်းတိုက်သွင်းယူပြီး ပွဲသိမ်းဂိုးကိုရရှိခဲ့ပါသည်။

Southern  Myanmar FC အသင်းသည် ဒုတိယအဆင့်တွင် မနောမြေအသင်းနှင့် (၁၄.၇.၂၀၁၅)ရက်နေ့၊ညနေ (၄း၀၀)အချိန်တွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

 

Leave a Reply