MNL-2 (U-19 )SMFC လူငယ်အသင်း

MNL-2(U-19)လူငယ်ဘောလုံးပြိုင်ပွဲသည် (၁၇.၈.၂၀၁၅)၇က်နေ့တွင်နောက် ဆုံးပွဲစဉ်များယှဉ်ပြိုင်ကစားပြီး2015 MNL-2(U-19) ဘောလုံးရာသီ  ရပ်နားခဲ့ ပါသည်။ပြိုင်ပွဲတွင် မြ၀တီလူငယ်အသင်း မှ(၃၆)မှတ် ရရှိကာ ပထမဆု ၊SMFC  လူငယ်အသင်းမှ (၃၄) မှတ် နိုင်(၁၀)ပွဲ ၊ သရေ(၄)ပွဲ ရှုံးပွဲမရှိဖြင့်ဒုတိယဆု၊ဒဂုံ လူငယ်အသင်းမှ (၃၂)မှတ်ဖြင့် တတိယအသီးသီးရရှိခဲ့ကြပါသည်။

SMFC လူကြီးအသင်းသည် ပြိုင်ပွဲမပြီးမှီ (၂)ပွဲအလိုတွင် ချန်ပီယံဖြစ်ကာ MNL -1 သို့တန်းပြန်တက်သွားပြီး  ၊၂၀၁၆ခုနှစ်ရာသီတွင် SMFC လူငယ် အသင်းသည် M-1(U-20)ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

SMFC   လူငယ်အသင်းအား (၂၁.၈.၂၀၁၅)ရက်နေ့မှ (၁၀.၁၀.၂၀၁၅) ရက်နေ့အထိ အနားပေးထားပြီး (၁၁.၁၀.၂၀၁၅)(၃၁.၁၀.၂၀၁၅)ရက်နေ့အထိ လူအင်အားဖြည့်တင်းရန် လူရွေးချ ယ်ပွဲများ ကစားစေပြီး   အသင်း  အားကစား သမားအဟောင်း ၊ အသစ်များနှင့်စုစည်းဖွဲ့စည်းသွားမည် ဖြစ်ပါသည်။နိုဝင်ဘာ ၊ ဒီဇင်ဘာ (၂)လ စုပေါင်း  လေ့ကျင့်မှု များ ပြုလုပ်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် M-1(U20)ပြိုင်ပွဲများယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။လူရွေးပွဲ ပြုလုပ်မည့်အချိန်၊  နေရာကို  နီးကပ်လာလျှင် အသိပေးကြေငြာပါမည်။

 

 

Leave a Reply