Dagon FC Vs Southern Myanmar FC (0:1)

Southern Myanmar FC နှင့် Dagon FC တို့သည် (၂၀.၃.၂၀၁၅) သောကြာနေ့ ညနေ (၃း၃၀)တွင် Padonmar ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ Southern Myanmar FC  က Dagon FC ကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ Southern  ၏ အနိုင်ဂိုးကိုဒဏ်ရာရသွားသော Southern တိုက်စစ်မှူး နံပါတ် (၂၀) ခိုင်ဇော်ထွန်းနေရာတွင် လူစားဝင်ခဲ့သောတိုက်စစ်မှူးနံပါတ်(၁၀) ကျော်ဇင်ဝင်း-၂ ကဖြတ်တင်ပေးသောဘောလုံးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား၏ပထမနေရာကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

M-2 ၏ (၉)ပွဲမြောက်ပွဲစဉ်၊ ရာသီဝက်နောက်ဆုံးပွဲကို Mawyawady FC နှင့်(၂၈.၃.၂၀၁၅) စနေနေ့၊ ညနေ (၃း၃၀)တွင် စလင်းကွင်း၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။