ှSouthern Myanmar FC က Silver Star FC ကို (၇) ဂိုး၊ (၁) ဂိုးဖြင့်နိုင်ပွဲရရှိ

(3.2.2015) , 3:30 PM,Padonmarကွင်းတွင် Southern Myanmar FC နှင့် Silver Star FC အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး (7)ဂိုး (1)ဂိုးဖြင့် Southern Myanmar FC အသင်းကအနိုင်ရရှိခဲ့သည်။

အနိုင်ဂိုးများကို ကျောနံပါတ် (၁၉) ဇင်မျိုးဝင်းက (၁၁)မိနစ်တွင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း တစ်ဂိုးအသာဖြင့်သာ ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် Southern Myanmar FC ကအချိတ်အဆက်ပိုမိုကောင်းမွန်လာကာ (၅၄)မိနစ် နှင့် (၆၃)မိနစ်တွင် ခိုင်ဇော်ထွန်းက (၂) ဂိုးသွင်းယူပြီး (၆၈) မိနစ်တွင် စိုးကျော်သူက (၁)ဂိုး ၊ (၇၁)မိနစ်နှင့် (၇၆)မိနစ် တွင် ရဲထွန်းနိုင်က (၂)ဂိုး နှင့် (၈၂)မိနစ်တွင် အသင်းခေါင်းဆောင် ဇော်ခါးက (၁)ဂိုး အသီးသီးသွင်းယူနိုင်ခဲ့ပြီး Silver Star အသင်းအား (၇)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

Southern Myanmar FC သည် လေးပွဲဆက်ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းယူခဲ့ပါသည်။