ဆောက်သမ်းနှင့် အကြိတ်အနယ် ကစားပြီး (၄) ဂိုး (၂) ဂိုးဖြင့် ချင်းယူနိုက်တက် နိုင်ပွဲရရှိ

၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် (Week-14) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ချင်းယူနိုက်တက် အသင်းနှင့် ဆောက်သမ်း မြန်မာအသင်းတို့ ဇူလိုင်လ (၁၃) ရက်နေ့၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ Y.T.C အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ချင်းယူနိုက်တက် အသင်းက ဆောက်သမ်းမြန်မာ အသင်းကို (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းသည် ကိသ်မာတူနာ့ ၊ ဟာမန်၊ ချစ်စုမိုးနှင့် ညီညီမင်း အစရှိသည့် အားထားရသည့် ကစားသမား များဖြင့် ပွဲထွက်ခဲ့ပြီး ဆောက်သမ်းမြန်မာ အသင်းကလည်း ပြီးခဲ့သည့် ရာသီဝက် အပြောင်းအရွှေ့ ဈေးကွက်တွင် ခေါ်ယူထားသည့် ကစားသမား သစ်များ အပါအ၀င် အဓိက ကစားသမား အစုံအလင်ဖြင့် ချင်းယူနိုက်တက် အသင်းကို ရင်ဆိုင် ကစားခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်းမှာ အမှတ်ပေးဇယား တန်းဆင်းဇုန်မှ ရုန်းထွက်ရန် အနိုင်ရလဒ် လိုအပ်သဖြင့် ပွဲစ,စ ချင်းမှာပဲ တရကြမ်း တိုက်စစ်ဆင်ကစားခဲ့သည်။ ပွဲချိန် (၁၉) မိနစ်တွင် ဆောက်သမ်းမြန်မာ နံပါတ် (၅၅) ဆာဆာ ချင်းယူနိုက်တက် ဂိုးဧရိယာ အတွင်း အပိုင်ခေါင်းတိုက် ခွင့်ရသော်လည်း ချင်းယူနိုက်တက် ဂိုးတိုင်ဘေးမှ ကပ်ထွက် သွားခဲ့သည်။ ချင်းယူနိုက်တက်
အသင်းကလည်း ကိသ်မာတူနာ့ ၊ ဟာမန်နှင့် ချန်ယာဂင် တိုက်စစ်တွဲလုံး ဖြင့် ဆောက်သမ်းမြန်မာ နောက်တန်းကို အချိန် အတော်များများ ထိုးဖောက်ခဲ့သည်။ မိနစ် (၃၀) တွင် ဆောက်သမ်းမြန်မာ နံပါတ် (၁၃) ရှိုတာရို ပြစ်ဒဏ်ဘော ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့သည်။ ချင်းယူနိုက်တက် ကလည်း ပြန်လည် ဖိကစားခဲ့ပြီး (၃၆) မိနစ်တွင် ညီညီမင်း ညာခြမ်းက ပေးပို့မှုကို နံပါတ် (၉) ကိသ်မာတူနာ့ အပိုင်ကန်သွင်း ခဲ့သော်လည်း ဆောက်သမ်းမြန်မာ
ဂိုးသမား ပြည့်ဖြိုးအောင် ပုတ်ထုတ် ကာကွယ်သွားခဲ့သည် ။ ပွဲချိန် (၃၇) မိနစ်တွင်  နံပါတ် (၅၅)ဆာဆာ ချင်းယူနိုက်တက် နောက်ခံလူတွေ ကြားမှ အပြင်းကန်သွင်း ယူပြီး ဆောက်သမ်းမြန်မာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် ချင်းယူနိုက်တက် အသင်း၏ ချေပဂိုး ရရှိရေး ဖိကစားမှုကြောင့် ပွဲမှာ ပိုမို မြိုင်ဆိုင်ခဲ့သည်။ ပွဲချိန် (၅၇) မိနစ်တွင် ချင်းယူနိုက်တက် နံပါတ် (၂၈) ဟာမန် ဆောက်သမ်းမြန်မာ နောက်တန်းလူတွေ ကပ်ထားသည့်ကြားမှ အပိုင်ကန်သွင်း ယူပြီး အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည် ။ ဆက်တိုက် ဆိုသလိုပင် ပွဲချိန် (၅၈) မိနစ်တွင် ချင်းယူနိုက်တက် မှ ကိသ်မာတူနာ့ မှ ဒုတိယဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် အတော်များများ ချင်းယူ
နိုက်တက် အသင်းက ပိုမိုတိုက်စစ်ဆင် ကစားခဲ့ရာ (၇၃) မိနစ်တွင် ရမ်လိုင်ကျဲအို မှ တတိယမြောက် ဂိုးသွင်းယူခဲ့သည် ။ ဆောက်သမ်းမြန်မာ အသင်းကလည်း လူစားလဲမှုတွေ ပြုလုပ်ပြီး ပြန်လည် တိုက်စစ်ဆင် ကစားခဲ့ရာ (၈၅)
မိနစ်တွင် လူစားဝင် ကစားသမား ရန်နိုင်ထွေးက ဒုတိယမြောက် ဂိုးသွင်းယူခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်းကချေပဂိုး ရရှိဖို့ ပိုမို ဖိကစားခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့ပဲ (၉၀+၂) မိနစ်တွင် ချင်းယူနိုက်တက် အသင်းမှ ညီညီမင်းက စတုတ္ထမြောက် ဂိုးသွင်းယူ ခဲ့သဖြင့် ချင်းယူနိုက်တက် အသင်း(၄-၂) ဆောက်သမ်းမြန်မာ အသင်းရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

 

Credit > .

http://www.themnl.com/?p=503

Leave a Reply